
ဒီနေ့ညအတွက် ချန်ပီယံလိဂ်အကောင်းဆုံးပွဲနှစ်ပွဲကို ပရိသတ်တွေအတွက် ဆက်လက်ခန့်မှန်းသုံးသပ်ပေးလိုက် ပါတယ်။ လိုက်ပ်ဇစ် vs စပို့တင်းစီပီ (အိမ် =၅၀/၃-၂၀) ဘွန်ဒက်စ်လီဂါမှာ လိုက်ပ်ဇစ်က အဆင့်ငါးမှာ ခပ်မာမာရပ်တည်နေတာပါ။ ဒါပေမဲ့ ချန်ပီယံလိဂ်ခြေစွမ်းကိုတော့ သူ့ပရိသတ်တွေ စိတ်ပျက်နေကြတယ်။ ခုထိကစားခဲ့တဲ့ခြောက်ပွဲစလုံးကို ရှုံးပွဲတွေ့ထားတာ။ နောက်တစ်ဆင့်ရောက်ဖို့ လိုက်ပ်ဇစ်မှာ ဘာအခွင့်အရေးမှမရှိဘူး။ ကစားပုံညံ့ပြီး နောက်ဆုံးကစားတဲ့လေးပွဲမှာ တစ်ပွဲပဲနိုင်ထား ပါတယ်။ စပို့တင်းကတော့ နည်းပြအေမိုရင်မရှိတဲ့နောက်ပိုင်း ရုန်းကန်နေရတယ်။ အေမိုရင်ရှိတုန်းက ချန်ပီယံလိဂ်မှာ စပို့တင်းက အကောင်းဆုံးအသင်းတွေထဲပါတယ်။ သူမရှိတဲ့နောက်ပိုင်းကစားတဲ့ ချန်ပီယံလိဂ်နှစ်ပွဲစလုံးကို ရှုံးထားတယ်။ ဒီပွဲနိုင်မှ စပို့တင်းဟာ ယုံကြည်မှုပြန်တက်လာမှာ။ နှစ်သင်းစလုံးကတော့ ဂိုးအပေါ်စရိုက်များ ကြတဲ့အသင်းတွေပဲ။ ဒါကြောင့် အခုပွဲမှာ သုံးဂိုးအထက်တော့ မြင်ရနိုင်တယ်။ ခံစစ်အားနည်းနှစ်သင်းတွေ့တဲ့ပွဲဂိုးတွေတော့ ပေးရမှာပဲ ဂိုးအပေါ် ကြိုက်ပါတယ်။ ပီအက်စ်ဂျီ vs မန်စီးတီး (အိမ် =၃၀/၃-၃၀) ပီအက်စ်ဂျီက ခြေစွမ်းပုံစံကောင်းရနေပြီး ရှစ်ပွဲဆက်တိုက်နိုင်ပွဲရထားတယ်။ သွင်းဂိုးကလည်း စုစုပေါင်း ၂၀၊ တစ်ပွဲပျမ်းမျှ ၂.၅ဂိုးရှိတယ်။ အခုလည်း အိမ်ကွင်းမှာ တိုက်စစ်အားကောင်းကောင်းနဲ့ ကစားဦးမှာပဲ။ မန်စီးတီး ကတော့ လေးပွဲနိုင်ပွဲရပြီး နောက်ဆုံးခြောက်ပွဲမရှုံးဘဲ ပြဿနာအများစုကို ကျော်လွှားနိုင်ခဲ့ပုံရပါပြီ။ တိုက်စစ်ကလည်း ပြန်ကောင်းလွန်းနေပြီး ၂၃ဂိုးသွင်းကာ တစ်ပွဲပျမ်းမျှ ၃.၈၃ ဂိုးရှိနေတယ်။ နောက်ဆုံးခြောက်ပွဲမှာ လေးပွဲ ကဂိုးအပေါ်တွေချည်း ကစားထားတယ်။ နှစ်သင်းရဲ့တိုက်စစ်ကစားဟန်ကို ထောက်ရှုပြီးကြည့်ရင်အခုပွဲက နှစ်ဖက်အပြန်အလှန်သွင်းဂိုးတွေနဲ့ ဂိုးအပေါ်ပဲထပ်ဝင်သွားပါတယ်။
© COPYRIGHTS 2024 by illuminati