
ပြီးခဲ့တဲ့တစ်ပတ် အက်စ်တွန်ဗီလာကို အနိုင်ရပြီး ဒီဂျန်ကူလူဆက်စကီး(စပါးကွင်းလယ်လူ)ပထမပိုင်း သူ့အသင်း တစ်ဂိုးသွင်းခံရတာတောင် ဖြစ်လာမယ့်ရလဒ်ကို ကြိုမြင်တဲ့အကြောင်း ပြောခဲ့တယ်။ သူက ‘ပထမပိုင်းမှာ က လေးတွေကို ကျနော်ပြောခဲ့တယ်၊ ငါတို့ တစ်ဂိုးရရင် လေးဂိုးသွင်းမယ်ဆိုပြီးတော့ပေါ့၊ မကြာဘူး၊ ဆွန်နီ (ဆွန် ဟောင်မင်း)ဆီက လှပတဲ့ဖြတ်တင်ဘောကို ဘရန်နန်(ဂျွန်ဆင်)က အဆုံးသတ်ကောင်းခဲ့လို့ တစ်ဂိုးရတယ်၊ ကျ နော်တို့ နိုင်မယ်ဆိုတာ ကျနော်သိလိုက်ပါတယ်’လို့ ပြောခဲ့တာပါ။ သာမန်အားဖြင့် ၁ဂိုးနဲ့ရှုံးနေတာကို ၄-၁ဂိုးနဲ့ အ နိုင်ရမယ်ဆိုပြီး ခန့်မှန်းတာမျိုးက ထူးဆန်းလွန်းတဲ့ရှေ့ဖြစ်ဟောအသိကြီးတစ်ခုပါပဲ။ ဒါပေမဲ့ ဒီတစ်ကြိမ်ကတော့ ခန့်မှန်းသလိုအတိုင်း တကယ်ကြီးဖြစ်ခဲ့တာ၊ ဒါပေမဲ့ ဒီရလဒ်ခန့်မှန်းချက်က ရှေ့ဖြစ်ဟောဆရာဆန်ဆန်မျိုးတော့ မဟုတ်ပါဘူး။ အကြောင်းက အရင်က ဒီလိုမျိုး စပါးကဖြစ်ခဲ့ဖူးတာကိုး။ပရီးမီးယားလိဂ်မှာ အိမ်ကွင်း စပါးအသင်း နောက်ဆုံးအဲဒီလိုရလဒ်မျိုးဖြစ်ခဲ့ဖူးတာ ဝက်စ်ဟမ်းနဲ့တုန်းကပါ။ ပထမပိုင်းတစ်ဂိုးနဲ့ရှုံးနေပြီး ပွဲချိန် ၂၄မိနစ်အ တွင်း ၄-၁နဲ့အနိုင်ရခဲ့ဖူးပါတယ်။ အဲဒီပွဲမတိုင်ခင်ကလည်း အိမ်ကွင်းတစ်ပွဲအဖြစ် ဘရန့်ဖို့ဒ်နဲ့ပွဲတုန်းက တစ်ဂိုးနဲ့ ရှုံးနေရာကနေ ၃-၁နဲ့ ပြန်နိုင်ခဲ့ပါသေးတယ်။ ဗီလာကိုနိုင်ပွဲဟာ စပါးအတွက် လိဂ် ၁၀ပွဲမြောက်အနိုင်ပါ၊ ဒါ့အပြင် အဖွင့်ဂိုးပေးလိုက်ရခြင်းကလည်း မနှစ်ကရာ သီစပြီးနောက်ပိုင်း ပထမဆုံးပါပဲ။ မန်စီးတီးနဲ့နိုင်ပွဲအများဆုံးပူးတွဲဖြစ်နေတာကတော့ အထင်ကြီးစရာခြေပေါ့။ ဒီလိုအစမှရှုံးနေရာကနေ ပြန်နိုင်တာမျိုးက ဖြစ်တတ်ပါတယ်။ အဖွင့်ဂိုးပေးရမှုကိုကြည့်ရင် စပါးဟာ နည်းပြပိုစ တီကိုဂလူတာဝန်ယူပြီးနောက်ပိုင်းကစားတဲ့ ပရီးမီးယားလိဂ် ၂၃ပွဲမှာအဖွင့်ဂိုးပေးထားရတာချည်းပဲ၊ ၂၀၂၄ရာသီ အစနောက်ပိုင်း အဲဒီလိုအဖွင့်ဂိုးပေးရတဲ့ပွဲပေါင်း ၁၂ပွဲရှိပြီး တခြားပြိုင်ဘက်အသင်းတွေထက် ပိုများနေတယ်။ ဒီ ရာသီမှာဆို ၁၀ပွဲမှာ ခြောက်ပွဲပေးထားရပြီးပြီ။ ဒါကတော့ ချန်ပီယံလိဂ်ပြန်ဝင်ပြီး ဖလားလက်မဲ့အဆုံးသတ်ရေး မျှော်မှန်းချက်ရှိနေတဲ့အသင်းတစ်သင်းအတွက်တော့ လုံလောက်တဲ့ခြေစွမ်းမဟုတ်သေးဘူး။ သေချာတာကတော့ ဂိုးပေးရပြီး ပြန်အနိုင်ရတာမျိုးဆိုတာ အမြဲဆက်ထိန်းထားနိုင်ဖို့က ခက်ပါတယ်။ ဒါပေမဲ့ အဝေးကွင်းထက် အိမ် ကွင်းမှာကစားရင် စပါးဟာ အဲဒီလိုမျိုးစွမ်းဆောင်နိုင်တယ်ဆိုတာကို ပြနေတဲ့အချက်အလက်တွေတော့ရှိတယ်။ စပါးဟာ တစ်ကျော့ပြန်အိမ်ကွင်းနိုင်ပွဲဘုရင်တစ်ပါးဖြစ်တော့လာပါပြီ။ ဒီတော့လည်း ကူလူဆက်စကီးရဲ့အထက် က ယုံကြည်ချက်ရှိနေတာမျိုးက မဆန်းဘူးပေါ့လေ။ ပိုစတီကိုဂလူလက်ထက် အဖွင့်ဂိုးပေးရတဲ့ ၂၃ပွဲထဲက ၁၃ပွဲ ဟာအိမ်ကွင်းမှာဖြစ်ပြီး ၁၀ပွဲက အဝေးကွင်းမှာပါ။ အိမ်ကွင်း ၁၃ပွဲမှာ အဖွင့်ဂိုးပေးရပြီး ပြန်အနို်ငယူထားတာ ကိုး ပွဲရှိတယ်၊ အဝေးကွင်း ၁၀ပွဲမှာ တစ်ပွဲပဲအနိုင်ပြန်ယူထားနိုင်တာနဲ့နှိုင်းယှဉ်ကြည့်။ ဒါဆို အိမ်ကွင်းမှာ ဂိုးပေးရပြီး ပြန်အနို်ငယူနိုင်တဲ့ နှုန်းက ၆၉.၂ % ရှိပြီး အဝေးကွင်းမှာ ပြန်နိုင်တဲ့နှုန်းက ၁၀ %ပဲရှိတာတွေ့ရမယ်။ ဒီအချက်အ လက်နဲ့တင်စပါးဟာ တစ်ကျော့ပြန်အိမ်ကွင်းနိုင်ပွဲရဘုရင်တစ်ပါးပြန်ဖြစ်လာနိုင်သလားဆိုတာ ထင်သာပါ ကြောင်း အချက်အလက်သုံးသပ်ချက်တစ်ရပ်ကို တင်ပြလိုက်ရပါတယ်။
© COPYRIGHTS 2024 by illuminati