
လီဗာပူးအသင်းဟာ ကာရာဘောင်ဖလားဆီမီးဖိုင်နယ်ပွဲအဖြစ် အိမ်ကွင်းအန်ဖီးလ်မှာပဲ စပါးအသင်းကို ၄-၀ ဂိုးနဲ့ အနိုင်ယူပြီး ဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ပ-အကျော့တုန်းက စပါးအသင်းက ၁-၀ဂိုးနဲ့ နိုင်ခဲ့ပြီး ပ ရိသတ်တွေဟာ ဖိုင်နယ်အဆင့်နဲ့တော့ လီဗာပူးလွဲပြီလို့ တွေးထင်ခဲ့ကြပေမယ့် ဒု-အကျော့ရလဒ်ကတော့ အားလုံးအံ့အားသင့်စရာဖြစ်ခဲ့ရပါတယ်။ လီဗာပူးဟာ ဗိုလ်လုပွဲစဉ်အဖြစ် နယူးကာဆယ်အသင်းနဲ့ မတ်လ ၁၆ ရက်မှာ ရင်ဆိုင်ရမှာပါ။ ပရီးမီးယားလိဂ်မှာလည်း ဖလားရဖို့ ခိုင်မာတဲ့လမ်းကြောင်းပေါ်ရှိနေတဲ့အတွက် ရာသီမသိမ်းခင် စောစီးစွာ ဖလားတစ်လုံးအရင်ဆုံးရထားဖို့ လမ်းကြောင်းပေါ် လီဗာပူးရောက်ရှိနေပါပြီ။ ဒီနောက်မှာတော့ လီဗာပူးအသင်းနည်းပြ Arne Slot က သူ့အသင်းရဲ့ပြိုင်ဘက်တွေကို သတိပေးစကားပြော လိုက်ပါတယ်။ အဲဒါကတော့ သူ့အသင်းဟာ တစ်နေ့ထက်တစ်နေ့ ပိုသန်မာလာနေပြီလို့ ဆိုလိုက်တာပါပဲ။ လီဗာ ပူးဟာ ဇန်နဝါရီစျေးကွက်မှာ ဘာအပြောင်းအလဲမှမလုပ်ဘဲ ရာသီကုန်အထိဆက်သွားနေတာပါ။ ဒဏ်ရာထိနေ တဲ့စပါးနဲ့ပွဲတုန်းက လီဗာပူးအတွက်ဂိုးတွေကို Cody Gapo,Mohamed Salah, Szoboszlai နဲ့ Van Dijk တို့ က သွင်းယူသွားခဲ့ပါတယ်။ ဒီကစားသမားတွေက Slot ရဲ့အဓိကအားထားရသူတွေပေါ့။ ပရီးမီးယားလိဂ်ကိုဦး ဆောင်နေတဲ့ လီဗာပူးဟာ ရှေ့တန်းစစ်မျက်နှာပြင်လေးခုမှာ တိုက်ပွဲဆင်နွှဲနေတဲ့အသင်းပါပဲ။ ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလား၊ ကာရာဘောင်ဖလားနဲ့ ချန်ပီယံလိဂ်တို့ပါ။ နည်းပြကြီး Arne Slot ကတော့ “ကျနော့်အတွက်က ကျနော်တို့အသင်း ပိုသန်မာအားကောင်းလာနေတဲ့(ဒီရာသီ) ရာသီနှစ်ရာသီရှိတယ်။ တစ်စည်းတစ်လုံးတည်း ပိုကစားရ၊ အစည်းအဝေးတွေပိုထိုင်ပြီး လေ့ကျင့်ရေးတွေပိုလုပ် ရချိန်တွေက အထောက်အကူပါပဲ။ ပွဲပိုကစားရလေလေ ရုပ်ပိုင်းအရ ပိုသန်မာအားကောင်းလာလေပါပဲ။ တချို့ က ပန်းနေပြီလို့ ထင်ကြတယ်။ ဒါပေမဲ့ ခင်ဗျား စီမံကိုင်တွယ်ထားနိုင်သရွေ့ တချို့ကစားသမားတွေ ပိုသန်မာလာ ပါလိမ့်မယ်။” ဆိုပြီး ဝံ့ကြွားထုတ်ပြောသွားပါတယ်။ အင်္ဂလိပ်ဘောလုံးလောကမှာ သူ့အတွက် ပထမဆုံးဗိုလ်လုပွဲတက်ရောက်ရတဲ့အပေါ်မှာလည်း Slot က “ကြည် နူးရတာပေါ့ဗျာ။ ကျုပ်အကြောင်း ခင်ဗျား နည်းနည်းသိရတယ်ဆိုပေမယ့်ပေါ့။ ကျနော်အတွေးတွေက တနင်္ဂနွေ ကို(ပလိုင်းမောက်နဲ့အက်ဖ်အေဖလားပွဲ) စုပြုံရောက်နေတယ်။ ဒါပေမဲ့ အသင်းခြေစွမ်းကို ကျနော်အကျေနပ်ရ ဆုံးပါပဲ။ ဗိုလ်လုပွဲရောက်တဲ့ကိစ္စဆိုတာ ဘယ်တုန်းက မထူးခြားဘဲနေမလဲ။ ဒီကလပ်မျိုးအတွက်တောင်။ တိုးတက်မှုရှိဖို့ နေ့တိုင်း ကျနော်တို့ ကြိုးစားနေတာ။ ဒါပေမဲ့ ကျနော်တို့အလုပ်က ဗိုလ်လုပွဲတွေမှာ ကစားဖို့လို့ ပြောရင်လည်း ဟုတ်ပါတယ်။” ဆိုပြီး ဖြည့်စွက်ပြောပြန်ပါသေးတယ်။ ဆိုတော့ကာ အောင်မြင်မှုရလဒ်တွေနဲ့ နည်းပြ Slot တစ်ယောက်ရဲ့အသင်းအတွက် စီမံခန့်ခွဲမှုခြေလှမ်းတိုင်းကို ဘောလုံးပိတ်ကားပေါ်မှာ ဆက်လက်ရှုစားကြရတာပေါ့ဗျာ။ သူ့အတွက် အင်္ဂလိပ်ဘောလုံးလောက ပထမဆုံး ဗိုလ်လုပွဲစဉ်လည်းဖြစ်တော့ ဝင်ကြွားဂုဏ်ယူစကားတွေပြောလာမှာ မျှတပါတယ်။ ကျေနပ်သင့်၊ ဂုဏ်ယူသင့် လို့ကောင်းတဲ့ကိစ္စဖြစ်တာကိုး။ ကဲ … လီဗာပူးပရိသတ်တွေကလည်း သူ့အပြော၊ သူ့စကားတွေအောက်မှာ ရာသီသိမ်းအထိ ဆက်လက်ရင်ခုန်စောင့်စားကြည့်လိုက်ကြမယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ဘောလုံးအားကစား ဝါသနာပါသူတိုင်းအတွက် ပွဲရလဒ်တွေကို ပေါ့ပေါ့ပါးပါးခန့်မှန်းရင်း ပျော်ပျော်ပါးပါး ကြည့်လို့ရအောင် ကျွန်တော်တို့ရဲ့ Pieces Sport မှာ ပါဝင်ဆင်နွှဲလို့ရနေပြီဖြစ်ကြောင်း အသိပေးပါရစေ။ ပျော်ပျော်ကြီး ခန့်မှန်းဖို့ >>>> ps.piecesball.com အပတ်စဉ် ဘောလုံးပွဲတွေကိုခန့်မှန်းရင်း ၁သိန်းတန် ဆုကြေးကြီးကို အပိုင်ရယူနိုင်ပါစေ။ #piecessport
© COPYRIGHTS 2024 by illuminati