
ဒီနေ့ညမှာတော့ အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲရှိတဲ့အတွက် ပွဲကြိုခန့်မှန်းချက်ရှည်ရှည်လေးကို ပရိသတ် များအတွက်တ တင်ဆက်ပေးလိုက်ပါတယ်။ ချဲလ်ဆီး vs ၀ုဗ် (အိမ် ၁-၈၀/၃-၇၀) ခုချိန်မှာ နှစ်သင်းစလုံးက ခြေစွမ်းပိုင်းရုန်းကန်နေရချိန်ပါပဲ။ ချဲလ်ဆီးဟာ တစ်လအတွင်းမှာ ထိပ်ဆုံးလေးသင်းနေ ရာကနေ လျော့ကျဆင်းလာပါတယ်။ အဲဒီကာလအတွင်း ချဲလ်ဆီးဟာ ငါးပွဲဆက်နိုင်ပွဲမရဘဲ သုံးပွဲသရေ၊ နှစ်ပွဲရှုံး ထားတဲ့အတွက် ထိပ်ဆုံးလေးသင်းနေရာကနေ ကျဆင်းသွားခဲ့ရတာပဲ။ အဆင့်ငါးရပ်တည်နေပြီး အဆင့်လေးနဲ့ တစ်မှတ်ကွာဟပါတယ်။ နည်းပြ Enzo Maresca ရဲ့အသင်းဟာ အိမ်ကွင်းမှာ ဘုန်းမောက်နဲ့ နောက်ဆုံးကစားခဲ့ ပြီး တစ်မှတ်ယူခဲ့တယ်။ တစ်ဖက်မှာ ၀ုဗ်ကလည်း သုံးပွဲဆက်နိုင်ပွဲပျောက်နေပြီး ချဲလ်ဆီးကွင်းကို ယုံကြည်ချက်ခပ်နည်းနည်းနဲ့ လာယှဉ် ပြိုင်ရတာပါ။ နည်းပြ Victor Pereira ရဲ့အသင်းဟာ စပါးနဲ့ ၂ ဂိုးစီသရေကျခဲ့တယ်။ ဒါပေမဲ့ လိဂ်နောက်ဆုံးနှစ်ပွဲ မှာ အဲဒီလိုခြေရည်အဆင့်အတန်းမျိုးနား နည်းနည်းတော့ရောက်လာသေးတယ်။ ၀ုဗ်ခံစစ်က အားနည်းပြီး လိဂ် နောက်ဆုံးနှစ်ပွဲစလုံးကို သုံးဂိုးပြတ်တွေနဲ့ချည်းသွင်းခံခဲ့ရတယ်။ ရွေးချယ်မှု - ဂိုးအပေါ် ထိပ်ဆုံးလေးသင်းနေရာကနေ ပြုတ်ကျသွားနိုင်ပေမယ့် ချဲလ်ဆီးအနေနဲ့ ဂိုးပေါက်တော့ပြန်ရှာတွေ့နေပါပြီ။ ဒီနေ့ ပွဲမှာလည်း ဂိုးပေါက်ရှေ့တော့ ချဲလ်ဆီးပြဿနာမရှိနိုင်ဘူးထင်တယ်။ နောက်ဆုံး နှစ်ပွဲတည်းမှာတင် ချဲလ်ဆီး တိုက်စစ်က ခုနှစ်ဂိုးသွင်းထားပြီး နောက်ဆုံးကစားတဲ့ပွဲပေါင်း ၁၇ပွဲမှာ ၁၅ပွဲလောက်ကို အနည်းဆုံးတစ်ဂိုးသွင်း ထားတာတွေ့ရတယ်။ ဒါ့အပြင် ၀ုဗ်အသင်းကလည်း အဝေးကွင်းမှာ ခြေစွမ်းပိုင်းပုံစံကောင်းနေတယ်၊ ကစားခဲ့ တဲ့အဝေးကွင်းနောက်ဆုံးငါးပွဲမှာ ရှစ်ဂိုးလောက်သွင်းထားတဲ့အသင်းဆိုတော့ ဒီပွဲမှာ နှစ်ဖက်ဂိုးမြူးသွားနိုင်တဲ့ အတွက် ဂိုးအပေါ်က အကောင်းဆုံးပါပဲ။
© COPYRIGHTS 2024 by illuminati