
- မန်ယူရဲ့အမေ့လျော့ခံ ခံစစ်မှုးTyrell Malacia ကို အီတလီစီးရီးအေကလပ် ကိုမိုအသင်းနည်းပြဖြစ်တဲ့ Cesc Fabregas ကခေါ်ယူဖို့ပစ်မှတ် ထားနေပါတယ်။ Tyrell Malacia ဟာ ၂၀၂၂ ခုနှစ်နွေရာသီမှာ ဖီယင်နုအသင်းကနေ မန်ယူအသင်းကိုပြောင်းလာခဲ့ပြီး ဒဏ်ရာရသွားလို့တစ်နှစ်ကျော်လောက်နားခဲ့ရပါတယ်။ မကြာသေးခင်က ဒဏ်ရာကနေပြန်သက်သာလာပေးမယ့် malacia ဟာ ခြေစွမ်းပိုင်းရုန်းကန်နေရပြီးမန်ယူအတွက်ပွဲထွက်ကစားခွင့်ပျောက်ဆုံးနေရသူပါ။ - ပြင်သစ်ကလပ်လန်းစ်အသင်း ဗဟိုခံစစ်မှူးAbdukodir Khusanov ကို မန်စီးတီးအသင်းက ခေါ်ယူလိုက်ပါပြီ။ အသက် ၂၀ သာရှိသေးတဲ့ ဥဇဘက်ကစ္စတန်သား khusanov ဟာ လေးနှစ်ခွဲစာချုပ်ကို မန်စီးတီး နဲ့ချုပ်ဆိုလိုက်တာပါ။ khusanov ဟာ ပရီးမီးယားလိဂ်မှာကစားခွင့်ရ ပထမဆုံးဥဇဘက်ကစ္စတန်သား က စားသမားတစ်ဦးအဖြစ်လည်း မှတ် တမ်းဝင်သွားပါတယ်။ - မန်ယူအသင်းနည်းပြ Ruben Amorim ကအသင်းအပြောင်းအ ရွှေ့စီးပွားရေးပိုင်းနဲ့ အကယ်ဒမီ ကျောင်းအဆင့်အတန်း တိုးတက် မြင့်မားနေအောင်လုပ်ဆောင်ဖို့ လို အပ်တယ်ဆိုပြီး အသင်းပိုင်ရှင် Sir Jim Redcliff ကိုပြောဆိုလိုက်ပါ တယ်။ မန်ယူဟာ မကြာသေးခင် က အပြောင်းအရွှေ့လုပ်ငန်းတွေမှာ အမှားအယွင်းတွေရှိခဲ့တာကို နည်း ပြကထောက်ပြပြောဆိုလိုက်တာပါ။ နိုဝင်ဘာမှာ Amorim ရောက်လာ ပြီးတာဝန်ယူထားတဲ့ ၁၂ ပွဲမှာ မန် ယူဟာ လေးပွဲပဲနိုင်ထားပြီး၆ပွဲရှုံး ထားတဲ့အထိကွင်းတွင်းရလဒ်ကျ ဆင်းနေပါတယ်။ - လီဗာပူးအသင်းနည်းပြ Arne Slot က အသင်းရဲ့နာမည်ကြီးကစားသ မားတစ်ယောက်ဖြစ်သူ Federico Chiesa ကိုသတိပေးပြောဆိုလိုက် ပါတယ်။ Federico Chiesa ဟာ အ သင်းအတွက်ခြေစွမ်းပြနိုင်မှုမရှိဘဲ ဖြစ်နေပြီး ကစားပေးတဲ့ပွဲချိန်စုစုပေါင်း ၁၀၅ မိနစ်ပဲရှိပါသေးတယ်။ ဒါကြောင့်နည်းပြဖြစ်သူက အသက် ၂၇အရွယ် Federico Chiesa အနေ နဲ့ အသင်းမှာပုံမှန်ပွဲထွက်ခွင့်ရဖို့ အာမခံချက်မရှိဘူးလို့ နည်းပြကသတိ ပေးလိုက်တာပါ။ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်အဖြစ် အက် ကရင်တန်အသင်းနဲ့ကစားမယ့်ပွဲမှာ လည်း Federico Chiesa ပွဲထွက်ခွင့်ရဖို့မသေချာဘူးလို့လည်း Slot ကဆက်လက်သတိပေးလိုက်ပါ တယ်။
© COPYRIGHTS 2024 by illuminati