
မန်ယူအသင်းယာယီနည်းပြရုဒ်ဗန်နစ္စတယ်ရွိုင်းကတော့ အသင်းကို နောက်ဆုံးတာဝန်ယူသွားခဲ့တဲ့ပွဲစဉ်မှာ လက် =စတာကို သုံးဂိုးပြတ်အနိုင်ယူပြီး အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ပြခဲ့ပါတယ်။ ဒီနောက်မှာ အသင်းကို နည်းပြချုပ်အဖြစ်တာဝန်ယူတော့မယ့် ရူဘင်အေမိုရင်ဟာ သူ့နည်းပြတစ်ဖွဲ့လုံးလိုက် မန်ယူကို ပြောင်းလာမှာဖြစ် တော့ ဒတ်ချ်နည်းပြနစ္စတယ်ရွိုင်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မန်ယူပရိသတ်တွေက စိတ်ဝင်စားလာနေကြတယ်။ နည်းပြသစ်ရူဘင်အေမိုရင်ဟာ နစ္စတယ်ရွိုင်းနဲ့ အရေးတကြီးတွေ့ဆုံဆွေးနွေးမယ်လို့တော့ သတင်းတွေတက် နေကြပါတယ်။ ပေါ်တူဂီသားအေမိုရင်ဟာ စပို့တင်းလစ္စဘွန်းအသင်းနည်းပြအဖြစ် နောက်ဆုံးတာဝန်ယူခဲ့တဲ့ပွဲ မှာလည်း ဘရာဂါကို ၄-၂ ဂိုးနဲ့အနိုင်ယူနိုင်ခဲ့ပါတယ်။ အဲဒီပွဲမတိုင်ခင် ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် မန်စီးတီးကို ၄-၁ ဂိုးနဲ့အနိုင်ယူပြခဲ့ပါတယ်။ အခုအေမိုရင်ဟာ ဘရာဂါနဲ့ပွဲပြီးတော့ မန်ချက်စတာဆီကို ဆိုက်ရောက်လာခဲ့ပါပြီ။ သူ လုပ်ရမယ့်ပထမဆုံးအလုပ်တွေထဲကတစ်ခုကတော့ နည်းပြအဖွဲ့ကို ဖွဲ့စည်းဖို့ပါ၊ နစ္စတယ်ရွိုင်းရဲ့အနာဂတ်က တော့ အဓိကဦးစားပေးလုပ်ရမယ့်ကိစ္စဖြစ်ပြီး ကလပ်ဂန္ထဝင်ဟောင်းကိုယ်တိုင်ကလည်း မန်ယူမှာဆက်ရှိချင်ပေ မယ့် ဆုံးဖြတ်ချက်ကို အေမိုရင်က ချမှတ်ရမှာပါ။ နစ္စတယ်ရွိုင်းဟာ အောက်တိုဘာမှာ တန်ဟက်ဂ်ထုတ်ခံရပြီး ယာယီနည်းပြတာဝန်ယူကာလေးပွဲဆက်ရှုံးပွဲမရှိဘဲ သုံးပွဲနိုင်၊ တစ်ပွဲသရေရလဒ်တွေ ဖန်တီးပေးထားတယ်။ နည်းပြဟောင်းဆာအဲလက်စ်ဖာဂူဆန်လက်ထက် ကစား သမားတစ်ဦးအဖြစ် သွင်းဂိုး ၁၅၀နဲ့ ကလပ်ဂန္ထဝင်အဆင့်အတန်းရခဲ့သူ နစ္စတယ်ရွိုင်းကိုယ်တိုင်ကလည်း နည်းပြ တာဝန်ဆက်ယူချင်သေးတယ်လို့ ဖွင့်ပြောခဲ့ပေမယ့် ဆုံးဖြတ်ချက်ရမှာ သူ့ကိစ္စမဟုတ်ဘူးလို့ ဝန်ခံထားပါတယ်။ အခုတော့ နည်းပြသစ်အေမိုရင်က မန်ယူကိုတောင်မရောက်သေးခင်မှာ အသင်းကို တိုးတက်လာစေခဲ့လို့ နစ္စတယ် ရွိုင်းကို ချီးကျူးစကားပြောလိုက်ပါတယ်။ လူချင်းနှစ်ယောက်သားတွေ့တဲ့အခါ အခြေအနေတွေ ရှင်းလင်းပီပြင် လာမှာပါပဲ။ နစ္စတယ်ရွိုင်းရဲ့အခြေအနေနဲ့ပတ်သက်ပြီး အေမိုရင်က ‘ကလပ်ရဲ့ဂန္ထဝင်တစ်ယောက်အကြောင်းပြော ရရင် သူလုပ်ခဲ့တဲ့အလုပ်က ပြောင်မြောက်လှပါတယ်။ သူနဲ့ ကျနော် ဆွေးနွေးရမယ်။ ပြီးတော့မှ အကြောင်းစုံကျ နော်ရှင်းပြမှာပါ။ စောင့်ကြတာပေါ့’ဟု ပြောထားပါတယ်။ ဒီလိုအချိန်မှာပဲ လက်စတာကို သုံးဂိုးပြတ်နိုင်ပြီးနောက် အိုးလ်ထရက်ဖို့ဒ်ပရိသတ်တွေက မျက်ရည်လည်ရွဲနဲ့နစ္စ တယ်ရွိုင်းကို နှုတ်ဆက်ခဲ့ကြပါတယ်။ ယေဘုယျအားဖြင့် မန်ယူပရိသတ်တွေမှာ ရှိနေတဲ့သဘောထားကတော့ နစ္စတယ်ရွိုင်းကို အသင်းမှာဆက်မြင်ချင်တယ်၊ အနာဂတ်မှာ နည်းပြချုပ်ဖြစ်လာဖို့ရည်မှန်းထားတယ်လို့ ပြောခဲ့ဖူး တဲ့အသက် ၄၈နှစ်ဒတ်ချ်လူမျိုးနစ္စတယ်ရွိုင်း ဆက်ရှိနေဖို့ မျှော်လင့်တယ်လို့ သတင်းတွေက တင်ပြထားပုံထောက် ရင်တော့ အေမိုရင်လည်း ပစ်ပစ်ခါခါလုပ်လာမယ်မထင်ပါဘူး။ ကျန်တာတော့ မန်ယူပိတ်ကားထက်မှာ စောင့် ကြည့်ကြတာပေါ့ . . .
© COPYRIGHTS 2024 by illuminati