
နည်းပြရောဘတ်တိုမန်ချီနီဆိုရင် ဘောလုံးပရိသတ်တွေတိုင်း ရင်းနှီးနေကြလူတစ်ယောက်ပါ။ ၂၀၂၁ ယူရိုပြိုင်ပွဲမှာ အီတလီအသင်းကို အောင်မြင်မှုရစေခဲ့သူပေါ့။ အဲဒီအောင်ပွဲလည်းပြီး သီတင်းပတ်အနည်းငယ်လောက်မှာပဲ မန်ချီနီ ဟာ ရာထူးကနေနုတ်ထွက်ကာ မနှစ်ကဩဂုတ်လ ဆော်ဒီလက်ရွေးစင်အသင်းနည်းပြအဖြစ် လေးနှစ်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။တစ်နှစ်ကို ပေါင် ၂၁သန်းတောင်ရတဲ့စာချုပ်ပါ။ အခုတော့ မန်ချီနီတစ်ယောက် ၁၄လ ပဲတာဝန်ယူပြီး ဆော်ဒီဘောလုံးအဖွဲ့ချုပ်ရဲ့ထုတ်ပယ်ခြင်းကို ခံလိုက်ရပါတော့တယ်။ နှစ်ဖက်သဘောတူညီမှုနဲ့စာ ချုပ်ကို ဖျက်လိုက်တာလို့တော့ အဖွဲ့ချုပ်ဘက်က ကြေညာထားတယ်။ သူ့ကိုထုတ်လိုက်ချိန်မှာ ဆော်ဒီအသင်းဟာ ၂၀၂၆ကမ္ဘာ့ဖလားအာရှဇုန်ခြေစစ်ပွဲကစားရင်းတန်းလန်းကြီး။ အုပ်စု (C) တတိယနေရာမှာ ကနဦး ၄ပွဲကစားအပြီး ဆော်ဒီဟာ ၁ပွဲနိုင်၊ ၂ပွဲသရေ၊ ၁ပွဲရှုံးကာ ဒုတိယကဩစတြေးလျနဲ့ရမှတ်တူရပ်တည်နေချိန်ပါပဲ။ အုပ်စုပနဲ့ဒုက ခြေ စစ်ပွဲတိုက်ရိုက်အောင်ပြီး အဆင့် ၃နဲ့ ၄ က ခြေစစ်ပွဲစတုတ္ထအဆင့်ဝင်ရမှာပါ။ မန်ချီနီကို ထုတ်လိုက်ရတဲ့နောက်ကွယ်ကဖြစ်နိုင်ခြေအကြောင်းရင်းတစ်ခုက ဆော်ဒီပရိုလိဂ်မှာ စီရော်နယ်ဒိုတို့လို နိုင်ငံရပ်ခြားနာမည်ကြီးကစားသမားတွေကို အစုလိုက်အပြုံလိုက် ငွေပုံအောသုံးခေါ်နေတာဟာ လက်ရွေးစင်အ သင်းအပေါ်ဂယက်ရိုက်တယ်ဆိုပြီး ကန့်ကွက်ပြောဆိုခဲ့တဲ့အတွက်လို့ ဆိုနေကြတယ်။ ပြီးတော့ ဒီလအစောပိုင်း ဘာရိန်းနဲ့ ဂိုးမရှိသရေပွဲကစားတုန်းက ပရိသတ်တစ်စုနဲ့ မန်ချီနီ ကတောက်ကဆဖြစ်ခဲ့သေးတယ်၊ ဒါကလည်း ထုတ်ပယ်ခံရနိုင်ခြေမြင့်မားသွားစေနိုင်တဲ့မီးစတစ်ခုလို့လည်း ပြောကြတယ်။ ‘ဒီကိစ္စ(နာမည်ကြီးတွေခေါ်ယူမှု)ကို အကြိမ်ပေါင်းများစွာ ကျနော်ပြောခဲ့တယ်။ ဒါဟာ လွန်ခဲ့တဲ့သုံးနှစ် ဆော်ဒီကစားသမားတွေအားလုံး ကစားတဲ့ပွဲ တိုင်းမှာကြုံရတဲ့တစ်ခုတည်းသောပြဿနာပဲ။ ဒီနေ့မှာဆို ကစားသမား ၅၀၊ ၆၀ရာခိုင်နှုန်းက ပွဲမကစားကြဘူး။ဒါ ပထမဆုံးပြဿနာ၊ တစ်ခုတည်းသောပြဿနာပဲ’ဆိုပြီး မန်ချီနီက ကန့်ကွက်တာပါ။ ဒီလိုကန့်ကွက်နေတာကလည်း မန်ချီနီအတွက်အကြောင်းပြချက်တစ်ခုဖြစ်နိုင်တယ်။ တကယ်တမ်း လက်ရွေးစင် အသင်းကို သူတာဝန်ယူတဲ့ ၁၈ပွဲမှာ ခုနှစ်ပွဲပဲနိုင်တယ်၊ အာရှဖလားမှာလည်း ရလဒ်မကောင်းခဲ့ဘူး၊ ပင်နယ်တီအ ဆုံးအဖြတ်နဲ့ဆော်ဒီဟာ တောင်ကိုရီးယားကိုရှုံးပြီး ၁၆သင်းအဆင့်ကနေလှည့်ပြန်ခဲ့ရတယ်။ ဒီပွဲပြီးတော့ မန်ချီနီက တောင်းပန်စကားထုတ်ပြန်ပါသေးတယ်။ ဒါပေမဲ့ ပရိသတ်တွေကတော့ မန်ချီနီအပေါ် ချဉ်သွားကြတယ်။ ပရိသတ် မျက်နှာအကွက်မခံတဲ့ ဆော်ဒီအဖွဲ့ချုပ်ကလည်း ချက်ချင်းပဲ ဆွေးနွေးပြီးလမ်းခွဲဖို့ ပြင်ဆင်လိုက်တာပဲဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati