
ဘရန့်ဖို့ဒ် vs မန်စီးတီး ဒီရာသီ ဘရန့်ဖို့ဒ်ဟာ အိမ်ကွင်းခြေစွမ်းရုန်းနေရပြီး အိမ်ကွင်းနောက်ဆုံးသုံးပွဲစလုံး ရှုံးထားတယ်။ မန်စီးတီး တော့ ရာသီဒုတိယဝက်မှာ ခြေစွမ်းပုံစံကောင်းပြန်ရပြီး သုံးပွဲဆက်နိုင်ပွဲရထားတယ်။ ဘရန့်ဖို့ဒ်နဲ့ နောက်ဆုံး သုံးကြိမ်စလုံးအသာရထားတဲ့ မန်စီးတီးကိုပဲ အားပေးရမယ်။ ချဲလ်ဆီး vs ဘုန်းမောက် ချဲလ်ဆီးကနောက်ဆုံးငါးပွဲမှာ ခုနှစ်ဂိုးပဲသွင်းနိုင်ပြီး တိုက်စစ်ကျနေပါတယ်။ တစ်ဖက်မှာ ဘုန်းမောက်က နောက ဆုံးရှစ်ပွဲ ခံစစ်က ငါးဂိုးပေးထားရတယ်။ ဒီနှစ်သင်းရဲ့ပွဲမှာ သုံးဂိုးအထက်ဂိုးတွေ မြင်ရဖို့ မရှိဘူး။ ဒါကြောင့် ဂိုး နည်းနိုင်တဲ့ပွဲဖြစ်တာမို့ ဂိုးအောက်ကို ရွေးသင့်ပါတယ်။ ဝက်စ်ဟမ်း vs ဖူလ်ဟမ် နည်းပြသစ်နဲ့ ဝက်စ်ဟမ်းကတော့ နိုင်ပွဲပြန်ရှာဖို့ လိုနေပြီ။ သုံးပွဲဆက်ရှုံးထားလို့ပါ။ ဒါကြောင့်လည်း နည်းပြ Lupetegui ကို ထုတ်ပြီး Graham Potter ရောက်လာာတာ။ တစ်ဖက်က ဖူလ်ဟမ်ကတော့ ကိုးပွဲဆက်ရှုံးပွဲမ ရှိဘဲ ခြေစွမ်းသိပ်ကောင်းနေတာမို့ အခုပွဲ ဖူလ်ဟမ်သရေနဲ့ အနိုင်ပါပဲ။ နော်တင်ဟမ် vs လီဗာပူး ပွဲ ၂၀ကစားပြီး လီဗာပူးက ထိပ်သီးခြေစွမ်းပုံစံ၊ ဒါပေမဲ့ တစ်ပွဲလျော့ထားသေးတယ်၊ လိဂ်နောက်ဆုံး ၁၅ ပွဲမှာ လီဗာပူးက ရှုံးပွဲမရှိဘဲ ၁၁ပွဲနိုင်၊ ၄ပွဲသရေ။ Arne Slot ရဲ့အသင်းဟာ လိဂ် အဝေးကွင်းနောက်ဆုံးဆယ်ပွဲမှာလည်း ခုနှစ်ပွဲနိုင်၊ သုံးပွဲသရေကျထားပါတယ်။ နောက်ဆုံးငါးပွဲမှာတင်ပဲ သွင်းဂိုးက ၁၉ဂိုးရှိတဲ့အထိ တိုက်စစ်အားထက် နေတာပါ။ နော်တင်ဟမ်ကလည်း ဒီရာသီခြေစွမ်းသိပ်ကောင်းလွန်းနေပြီး လိဂ်နောက်ဆုံးခြောက်ပွဲဆက်တိုက်နိုင်ထားပါ တယ်။ ဒါပေမဲ့ နယူးကာဆယ်ကို အိမ်ကွင်း ၃-၁ ဂိုးနဲ့ ရှုံးလိုက်တဲ့ပွဲခြေကို ကြည့်ရင်တော့ သူ့ထက်ပိုကောင်းတဲ့ အသင်းတွေနဲ့ဆို အသာမရနိုင်မှုကို ပြသနေပါတယ်။ ဒါပေမဲ့ နော်တင်ဟမ်ရဲ့အိမ်ကွင်းနောက်ဆုံးခြောက်ပွဲစလုံး ဂိုးသွင်းထားမှုကိုထည့်တွက်ရင် ဒီပွဲမှာ နှစ်ဖက်အပြန်အလှန်သွင်းဂိုးတွေ မြင်နိုင်ပါတယ်။ ဒါကြောင့် ဂိုးတွေမြူး ပြီး ဂိုးအပေါ်ဝင်သွားနိုင်တယ်။
© COPYRIGHTS 2024 by illuminati