
အေအိုင်တွေ ခေတ်စားလာတာနဲ့ အညီ ဘောလုံးပွဲတွေကိုလည်း တွက်ချက်မှုတွေပြုလုပ်ခိုင်းကြပါတယ်။ အဲဒီထဲကမှ တော်တော်လေးမှန်တတ်တာကတော့ Skinlord.com ကလုပ်တဲ့ စူပါကွန်ပြူတာပါ။ ဒီနှစ်ရဲ့အစမှာလည်း သူတို့ တွက်ချက်မှုတစ်ခုလုပ်ခဲ့ပါသေးတယ်။ အဲဒီတွက်ချက်မှုတွေအရမှာတော့ ချန်ပီယံဖြစ်မယ့်အသင်းကို မန်စီးတီးအဖြစ်မှန်းထားပြီးတော့ လီဗာပူးလ်နဲ့ အာဆင်နယ် နစ်သင်းနဲ့ ပြိုင်လုရမယ်ဆိုပြီးတော့ မှန်းထားတာပါ။ အခု ပရီးမီးယားလိဂ်ပွဲစဉ် ၁၇ အပြီးရရှိထားတဲ့ ဒေတာတွေကိုပေးပြီးတော့ ထပ်မံတွက်ချက်ခိုင်းရမှာတော့ အမှတ်ပေးဇယားက တစ်မျိုးတစ်ဖုံပြောင်းလဲသွားပါပြီ။ စူပါကွန်ပြူတာရဲ့ ခန့်မှန်းချက်ကတော့ အခုပုံအတိုင်း ဆက်သွားမယ်ဆိုရင် လီဗာပူးလ်အသင်းက အကြိမ် ၂၀ မြောက် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးသွားနိုင်မှာဖြစ်ပြီးတော့ အာဆင်နယ်အသင်းကတော့ ထုံးစံအတိုင်း ဒုတိယလူအဖြစ်နဲ့ ဖိအားလိုက်ပေးမယ့်ပုံစံပါ။ ချဲလ်ဆီးကို တတိယ ရမယ်လို့မှန်းထားပြီးတော့ အခုချိန်အထိ ဆိုးဆိုးရွားရွား ရှုံးပွဲတွေဆက်နေတဲ့ မန်စီးတီးအသင်းကိုတော့ ပြန်လာနိုင်မယ်လို့ စူပါကွန်ပြူတာက ယူဆထားပုံရပြီးတော့ ချန်ပီယံလိဂ်တစ်နေရာရမယ်လို့ တွက်ချက်ထားပါတယ်။ ကြီးခြောက်သင်းထဲက စပါးနဲ့ မန်ယူအသင်းတို့ကတော့ အခြေအနေမကောင်းပါဘူး။ စပါးအသင်းကို အဆင့် ၉ နဲ့ ရာသီအဆုံးသတ်ရမယ်လို့ ခန့်မှန်းထားပြီး မန်ယူအသင်းကတော့ သမိုင်းတစ်လျှောက်အဆိုးရွားဆုံး အမှတ်ပေးဇယားရပ်တည်မှုဖြစ်တဲ့ အဆင့် ၁၃ နဲ့ပဲ ရာသီသိမ်းရမယ်လို့ တွက်ချက်ထားပါတယ်။ တန်းဆင်းရမယ့် သုံးသင်းကိုတော့ လက်စတာ၊ အစ်ဝှစ်ချ်၊ ဆောက်သမ်တန်လို့ ပြောထားပြီးတော့ ရလဒ်တွေဆိုးရွားနေတဲ့ ဝုဗ် ကတော့ အဆင့် ၁၇ နဲ့ ကပ်ပြီးတော့ ကျန်ခဲ့မယ်လို့ ခန့်မှန်းထားပါတယ်။ စူပါကွန်ပြူတာရဲ့ ခန့်မှန်းထားတဲ့ အမှတ်ပေးဇယားကို ကြည့်လို့ရအောင် ပုံလေးထည့်ထားပေးပါတယ်။
© COPYRIGHTS 2024 by illuminati