
ဒီနေ့ညမှာ အားလုံးစိတ်ဝင်စားမယ့် အက်ဖ်အေဖလားပွဲစဉ်အဖြစ် အာဆင်နယ်နဲ့ မန်ယူအသင်းပွဲကြီးရှိပါတယ်။ ဒီအတွက်ပွဲကြိုခန့်မှန်းချက်လေးကို Pieces Sports ပရိသတ်များအတွက် ရွေးချယ်ခန့်မှန်းပေးလိုက်ပါတယ်။ အာဆင်နယ် Vs မန်ယူ ပြိုင်ပွဲ - အက်ဖ်အေဖလား ရက် - တနင်္ဂနွေ၊ ၁၂၊ ဇန်နဝါရီ၊ ၂၀၂၅ ပွဲချိန် - ည ၉နာရီခွဲ ကွင်း - အမ်းမရိတ်အားကစားကွင်း (လန်ဒန်) အစဉ်အလာမဟာပြိုင်ဘက်နှစ်သင်းတွေ့ကြပြီ။ အာဆင်နယ်ဟာ နွေကာလမှာ အပြောင်းအလဲ အတော်လေး ဖြစ်ခဲ့ပြီး ပါဝင်ယှဉ်ပြိုင်ထားတဲ့ ပြိုင်ပွဲစုံအားလုံးမှာ ဖလားရဖို့ ရေပန်းစားအသင်းစာရင်းထဲဝင်နေတယ်။ ဒါပေမဲ့ အာဆင်နယ်ဟာ ၂၀၁၉-၂၀နောက်ပိုင်း ဖလားမရသေးဘူး၊ အဲဒီတုန်းက အက်ဖ်အေဖလားကို နောက်ဆုံးရခဲ့တာ။ ပရီးမီးယားလိဂ်မှာဆိုရင် အာဆင်နယ်ဟာ ရမှတ် ၄၀၊ ပထမနေရာက လီဗာပူးနဲ့ ခြောက်မှတ်ကွာရပ်တည်နေပါ တယ်။ ဒီရာသီမှာ အရင်နှစ်တွေကလိုပဲ အာဆင်နယ်ကို မြင်ရဖို့ရှိမယ်၊ မန်စီးတီးအစား အာဆင်နယ်ကတော့ ဖလားအတွက် လီဗာပူးကို ဆက်ဖိအားပေးနိုင်ဖို့ ရုန်းကန်နေရဆဲပါပဲ။ အာဆင်နယ်ဟာ ကာရာဘောင်ဖလား ဆီ မီးဖိုင်နယ်မှာ နယူးကာဆယ်ကို အိမ်ကွင်း နှစ်ဂိုးပြတ်နဲ့ ရှုံးခဲ့ပြီး အခုပွဲကို ကစားရတာဖြစ်ပါတယ်။ ဆိုတော့ နိုင်ပွဲ ပြန်ရှာဖို့ အာဆင်နယ် စိတ်ဓာတ်ပိုပြင်းပြနေပါလိမ့်မယ်။ မန်ယူကတော့ အဆိုးရွားဆုံးအနေအထားထဲရောက်နေတယ်။ ဆိုးရွားတဲ့တစ်ရာသီဖြတ်သန်းခဲ့ပြီး မန်ယူဘုတ်အ ဖွဲ့ဟာ နည်းပြအပြောင်းအလဲလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဘောလုံးသုံးသပ်သူအများစုကတော့ အေမိုရင်ဆီကနေ အများကြီးမျှော်လင့်ခဲ့ကြတာ။ ကံမကောင်းချင်တော့ ဖြစ်မလာခဲ့ဘူး၊ အကောင်းဆုံး ဇယားအလယ်ကအသင်းဆို တဲ့ဂုဏ်ပုဒ်မျိုးကိုပဲ ရတော့မလိုပဲ။ ဥရောပပြိုင်ပွဲဝင်ခွင့်နေရာတွေနဲ့ ၁၂ မှတ်ကွာနေတာကို ထောက်၊ ကာရာ ဘောင်ဖလားကနေပါထွက်ခဲ့ရတဲ့အချက်ကိုပါ ထည့်ပေါင်း၊ ဒီတော့ မန်ယူအတွက် ဥရောပမြေကို ရောက်နိုင်ဖို့ ရာအကောင်းဆုံးအခွင့်အရေးဟာ အက်ဖ်အေဖလား၊ သို့ ယူရိုပါလိဂ်ကနေတစ်ဆင့်ပဲရှိမှာပါ။ အာဆင်နယ် vs မန်ယူ ရွေးချယ်မှု - အာဆင်နယ်အနိုင် ကာရာဘောင်ဖလားမှာ နယူးကာဆယ်ကိုရှုံးလိုက်လို့ အာဆင်နယ်ဟာ ၁၃ပွဲရှုံးပွဲမရှိစံချိန်ရပ်သွားတယ်။ ဒါပေမဲံ အဲဒီပွဲမှာ အာဆင်နယ်ခြေစွမ်းကပိုကောင်းခဲ့ပါတယ်။ နိုင်မယ်လို့တောင် ယူဆခဲ့တာပါ။ အမ်းမရိတ်ကွင်းမှာတော့ ဒီရာသီအာဆင်နယ်ဟာ ခြေစွမ်းပုံစံကောင်းပါပဲ၊ ပြိုင်ပွဲစုံအားလုံးရဲ့ နိုင်ခြေနှုန်း ၇၃ %ယူထားတယ်။ တစ်ဖက်မှာ မန်ယူကတော့ ခြေစွမ်းပုံစံဆိုးရွားနေပြီး နောက်ဆုံးငါးပွဲမှာ တစ်ပွဲပဲနိုင်ထားပါတယ်။ အဲဒီငါးပွဲမှာသုံး ပွဲက ဂိုးမသွင်းနိုင်ပါဘူး။ မျှမျှတတပြောရရင် လီဗာပူးနဲ့နောက်ဆုံးပွဲ ၂ဂိုးစီသရေရလဒ်ဟာ မန်ယူအတွက် အားလုံးကိုအံ့အားသင့်စေခဲ့ရတဲ့ရလဒ်ပါ။ ဒါပေမဲ့ အဲဒီတစ်ပွဲတည်းပဲ ရှိပါတယ်၊ လီဗာပူးက နိုင်သင့်ခဲ့တာ။ ထိပ်တိုက်တွေ့ဆုံမှုအရလည်း အာဆင်နယ်က လွှမ်းမိုးထားခဲ့ပြီး နောက်ဆုံးလေးပွဲစလုံး နိုင်ထားတယ်။ ဒီရာသီ မန်ယူထက် အာဆင်နယ်က ပိုကောင်းတာရှင်းပါတယ်။ အထက်ကတင်ပြခဲ့တဲ့အချက်တွေအားလုံးကို ထည့် တွေးရင် အမ်းမရိတ်ကွင်းမှာ ၁+၅၀ ပေါက်နေတဲ့ အာဆင်နယ်ပဲ အနိုင်ယူပြီးအောင်မြင်သွားမှာပါပဲ။
© COPYRIGHTS 2024 by illuminati