
လီဗာပူးအသင်းဟာ တနင်္ဂနွေ ၀ုဗ်အသင်းနဲ့ကစားမယ့်ပရီးမီးယားလိဂ်ပွဲမတိုင်ခင် ဒဏ်ရာပြဿနာတစ်ရပ်နဲ့ ရင်ဆိုင်နေရပါတယ်။ လီဗာပူးအနေနဲ့ ၀ုဗ်နဲ့ပွဲပြီးရင် ရှေ့တစ်ပတ်ကျော်မှာ အက်စ်တွန်ဗီလာနဲ့လည်း ကစားဖို့ရှိ နေတာပါ။ မာဆေးဆိုက်ဒါဘီပွဲအဖြစ် အဲဗာတန်နဲ့ ကြားရက်မှာ သရေကျပြီးတဲ့နောက်မှာ လီဗာပူးအနေနဲ့ အနိုင် လမ်းကြောင်းပေါ်ပြန်ရောက်ဖို့ မျှော်လင့်နေပါတယ်။ မာဆေးဆိုက်ပွဲမှာ ၂-၁ ဂိုးနဲ့ နာကျင်အချိန်ပိုအထိကို လီဗာပူးက ဦးဆောင်နေခဲ့ပြီး ဇယားထိပ်မှာ အာဆင်နယ်ကို ကိုးမှတ်ဖြတ်ထားနိုင်မယ်လို့ ယူဆခဲ့တာ။ ဒါပေမဲ့ နာကျင်အချိန်ပို ၉၈ မိနစ်ကျမှ James Tarkowski က အဲဗာ တန်အတွက် သရေတစ်မှတ်ယူနိုင်စေမယ့် ချေပဂိုးကိုသွင်းယူသွားခဲံပါတယ်။ ၀ုဗ်နဲ့အိမ်ကွင်းပွဲစဉ်မှာ လီဗာပူးအတွက် နိုင်ပွဲပြန်ရှာဖို့လိုသလို၊ ဒီပွဲပြီးရင် ကြားရက် ဗီလာပါ့ခ်မှာ အက်စ်တွန်ဗီ လာနဲ့ပွဲကြပ်ကစားဖို့ရှိတာပါ။ လီဗာပူးဟာ ပြီးခဲ့တဲ့တစ်ပတ်အက်ဖ်အေဖလားပွဲအဖြစ် ပလိုင်းမောက်ကို ရှုံးခဲ့ တုန်းက ခံစစ်မှူး Joe Gomez ပေါင်ဒဏ်ရာရသွားခဲ့လို့ အထိနာနေရတယ်။ ဒါ့အပြင် အနီကတ်ထိခဲ့တဲ့ Curtis Jones ကလည်း ဒီပွဲကို လွဲမယ်။ Jones ဟာ အဲဗာတန်နဲ့ပွဲတုန်းက ပြိုင်ဘက်ကစားသမား Doucoure နဲ့ ပြဿ နာဖြစ်ခဲ့လို့ ထုတ်ခံခဲ့ရတာပါ။ ၀ုဗ်နဲ့ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ လီဗာပူးနည်းပြ Slot က အန်ဖီးလ်ကွင်းပွဲစဉ်အတွက် Cody Gakpo ပါဖို့ မရေရာဘူးတဲ့အကြောင်း ထုတ်ပြောလိုက်ပါတယ်။ တစ်ဖက်မှာ Tyler Morton ကလည်း ခုပွဲကို လွဲချော် ပါဦးမယ်။ မာဆေးဆိုက်ဒါဘီပွဲတုန်းက ဒတ်ချ်တိုက်စစ်မှူး Gakpo ဟာ ပွဲချိန် ၆၉ မိနစ်မှာ Darwin Nunez နေ ရာလူစားဝင်ကစားခဲ့ရပါတယ်။ “ အလက်ဇန္ဒာအာနိုးလ်ကစားနိုင်နေတာ ကျနော်တို့မြင်ခဲ့တယ်။ နာရီဝက်လောက်ပဲကစားခိုင်းဖို့ ရည်ရွယ်ခဲ့တာ ပါ။ နာရီဝက်ဝန်းကျင် တချို့နေရာမှာ သူကစားခဲ့တယ်လို့ ထင်တယ်။ ဒါကြောင့် ကျနော်တို့နဲ့ သူလေ့ကျင့်ခန်း ထပ်ဆင်းနေတာပါ။ Joe Gomez နဲ့ Tyler Morton ကတော့ မပါနိုင်ဘူး။ Cody ကတော့ ပါဖို့သိပ်မသေချာ သေးဘူး။ ဒါကြောင့် စောင့်ကြည့်ရမယ်။ ဒဏ်ရာရှိတော့ သူ့ကို အနားပေးထားရတယ်”လို့ Slotကပြောပါတယ်။ Gakpo ဟာ ဒီရာသီခြေစွမ်းပြနေတာပါ၊ အသက် ၂၅နှစ်သားဟာ ပြိုင်ပွဲစုံ ၃၆ ပွဲကစားပြီး ၁၆ ဂိုးသွင်း၊ ငါးဂိုးဖန် တီးပေးထားတယ်။ ရာသီစကတည်းက Gakpo က နည်းပြ Slot အတွက် အဓိကကျသူဖြစ်နေတယ်။ လီဗာပူး တိုက်စစ်ရဲ့ဘာခြမ်းမှာ သူ့ကို နည်းပြက အထိုင်ချပေးထားတယ်။ ၀ုဗ်နဲ့ပွဲစဉ်ဟာ လီဗာပူးအတွက် ပွဲကြပ်ကာလ စတင်တာပါပဲ။ ဒီပွဲပြီးရင် နောက် ၁၀ ရက်အတွင်း ဗီလာ၊ မန်စီးတီး၊ နယူးကာဆယ်တို့နဲ့ လီဗာပူးကစားရမှာပဲ ဖြစ်ပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ဘောလုံးအားကစား ဝါသနာပါသူတိုင်းအတွက် ပွဲရလဒ်တွေကို ပေါ့ပေါ့ပါးပါးခန့်မှန်းရင်း ပျော်ပျော်ပါးပါး ကြည့်လို့ရအောင် ကျွန်တော်တို့ရဲ့ Pieces Sport မှာ ပါဝင်ဆင်နွှဲလို့ရနေပြီဖြစ်ကြောင်း အသိပေးပါရစေ။ ပျော်ပျော်ကြီး ခန့်မှန်းဖို့ >>>> ps.piecesball.com အပတ်စဉ် ဘောလုံးပွဲတွေကိုခန့်မှန်းရင်း ၁သိန်းတန် ဆုကြေးကြီးကို အပိုင်ရယူနိုင်ပါစေ။ #piecessport
© COPYRIGHTS 2024 by illuminati