
မနေ့ကကစားခဲ့တဲ့အဲဗာတန်-လီဗာပူးပွဲ မာဆေးဆိုက်ဒါဘီပွဲကတော့ ရုန်းရင်းဆန်ခတ်မှုများစွာနဲ့ ပြီးဆုံးသွားခဲ့ပါ တယ်။ အဲဗာတန်အသင်းဘက်က ၉၈ မိနစ်နောက်ကျချေပဂိုးရပြီးတဲ့နောက်မှာ နှစ်ဖက် ၂ ဂိုးစီသရေပွဲဖြစ်ခဲ့ပြီး ပွဲ သိမ်းခရာမှုတ်အပြီးမှာတော့ နှစ်ဖက်ကစားသမားတွေ အချင်းများရန်ဖြစ်ခဲ့ကြတာပါပဲ။ ဒီရုန်းရင်းဆန်ခတ်ဖြစ် ရပ်အတွင်းမှာပဲ လီဗာပူးအသင်းနည်းပြ Arne Slot အပါအဝင် လူလေးဦး အနီကတ်ပြထုတ်ပယ်ခံလိုက်ရတယ် လို့ သိရပါတယ်။ လီဗာပူးအသင်းကွင်းလယ်ကစားသမား Curtis Jones နဲ့ အဲဗာတန်အသင်းဘက်က Abdoulaye Doucoure တို့ ထုတ်ပယ်ခံရတယ်။ အဲဗာတန်အသင်းဘက်က ချေပဂိုးသွင်းလိုက်ပြီးနောက် အဝေးကွင်းပရိသတ်ရှေ့မှောက် မှာ Doucoure က အောင်ပွဲခံရာကနေမှ နှစ်ဖက်အသင်း ကစားသမားတွေ၊ ရဲအဖွဲ့၊ လုံခြုံရေးဝန်ထမ်း၊ နည်းပြ Slot တို့အပါအဝင် အချင်းများရန်ဖြစ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ လီဗာပူးအသင်းလက်ထောက်နည်းပြ Spike Hulsoff လည်း ထုတ်ပယ်ခံရပါတယ်။ လီဗာပူးအသင်းဟာ မာဆေးဆိုက်ဒါဘီပွဲမှာ သရေကျသွားခဲ့တဲ့အတွက် ဒုတိယနေရာက အာဆင်နယ်နဲ့ ၇ မှတ် ကွာဟပြီး အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်ထားပါတယ်။ လီဗာပူးဟာ အဲဗာတန်ကို အဖွင့်ဦးဆောင် ဂိုးပေးခဲ့ရပြီး ချေပဂိုးနဲ့အနိုင်ဂိုးပြန်ရနေချိန်မှာ ပွဲချိန် ၉၀+၈ မိနစ်ကျမှ ခါးသီးပြိုင်ဘက်ကို ချေပဂိုးပေးလိုက်ရ တာပဲ ဖြစ်ပါတယ်။ အဲဗာတန်အသင်းဟာ လီဗာပူးနဲ့သရေကျလိုက်တဲ့အတွက် ပရီးမီးယားလိဂ်မှာ နောက်ဆုံးလေးပွဲဆက် ရှုံးပွဲမရှိအ သင်းဖြစ်သွားပြီး ၂၀၂၄ ဒီဇင်ဘာ ၄ ရက်ကနေ ၂၀၂၄ ဒီဇင်ဘာ ၂၆ အထိ အရှည်ကြာဆုံးရှုံးပွဲမရှိစံချိန်ရှင်အသင်း အဖြစ် ပူးတွဲရပ်တည်သွားပါတယ်။ လီဗာပူးကတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ရှုံးနေရာကနေ ၁၅ မှတ်ယူထားနိုင်တဲ့အသင်းဖြစ်ပြီး သူ့ထက် ပိုအ မှတ်ယူထားနိုင်တဲ့အသင်းဆိုလို့ မန်စီးတီး(၁၇မှတ်) သာရှိပါတယ်။ အဲဗာတန်နဲ့ပွဲမှာ လီဗာပူးဟာ ဂိုးကန်သွင်းခွင့် ၆ ကြိမ်ရယူခဲ့ပြီး ဒီရာသီပရီးမီးယားလိဂ်မှာ တစ်ပွဲတည်း ဂိုးကန်သွင်းခွင့်အနည်းဆုံးပွဲအဖြစ်လည်း စံချိန်တင် သွားတယ်လို့ သိရပါတယ်။
© COPYRIGHTS 2024 by illuminati