
ဒီနေ့ညမှာ လိဂ်ပွဲတွေကစားဖို့ရှိပါတယ်။ Pieces Sports ပရိသတ်တွေအတွက် အကျိုးအမြတ်ပြုနိုင်မယ့် ပွဲသုံးပွဲကို ရွေးချယ်တွက်ချက်ခန့်မှန်းပေးလိုက်ပါတယ်။ ဘရိုက်တန် vs ချဲလ်ဆီး (အဝေး =၃၀/၃=) ဘရိုက်တန်က နော်တင်ဟမ်ကို ၇-၀နဲ့ရှုံးခဲ့ရာကနေ အက်ဖ်အေဖလားမှာ အနိုင်ပြန်ယူပြီး နိုးထခဲ့ပါတယ်။ ဘရိုက် တန်အနေနဲ့ နိုဝင်ဘာလ မန်စီးတီးကို အိမ်ကွင်း ၂-၁နဲ့နိုင်ပြီးနောက်ပိုင်း အိမ်ကွင်းနိုင်ပွဲမရဖြစ်နေတာငါးပွဲဆက်ရှိ ပါပြီ။ ဒီနေ့မှာ အဲမှတ်တမ်းကို ရပ်တန့်နိုင်ဖို့ ကြိုးစားလိမ့်မယ်။ ချဲလ်ဆီးက ပြီးခဲ့တဲ့တစ်ပတ် အက်ဖ်အေမှာ ဘ ရိုက်တန်ကို ရှုံးပြီးအဝေးကွင်းငါးပွဲနိုင်ပွဲမရဘဲ ရုန်းနေရတယ်၊ မနှစ်တုန်းကတော့ ချဲလ်ဆီးနိုင်ခဲ့ပေမယ့် ဘရိုက် တန်နဲ့ နောက်ဆုံးသုံးကြိမ်မှာ ၂ကြိမ်ရှုံးထားတယ်။ အက်ဖ်အေဖလားပွဲတုန်းကအနိုင်မျိုး ပြန်ယူနိုင်မယ့်ယုံကြည် ချက်ဘရိုက်တန်မှာရှိနေတယ်။ ကြေးအောင်နိုင်ခြေအရအရ၊ တခြားအလေးအဆတွက်ချက်မှုအရပါ ဒီပွဲက ဘရိုက်တန်သရေနဲ့အနိုင်ကစားနိုင်မယ့်အနေအထားပါ။ ဘရိုက်တန်ပဲကြိုက်တယ်။ ဂီရိုနာ vs ဂီတာဖေး (အိမ် =၈၀/၂=) ဂီရိုနာခြေကျနေတယ်၊ ပွဲစုံနောက်ဆုံး၆ပွဲမှာ တစ်ပွဲပဲနိုင်တယ်။ နောက်ဆုံးပွဲမှာ ဘီလ်ဘာအိုကို အဝေးကွင်း ၃ဂိုးပြတ်ရှုံးခဲ့တယ်။ အဲဒီပွဲမှာ ပြိုင်ဘက်ဆီ သုံးကြိမ်သာဂိုးကန်သွင်းနိုင်ခဲ့တာ။ ဂီတာဖေးကတော့ နောက်ဆုံးပွဲ မှာ အလာဗက်စ်ကို နိုင်ပြီး လာလီဂါအဆင့် ၁၄ မှာ။ နောက်ဆုံးငါးပွဲရှုံးပွဲမရှိသေးဘူး။ သူ့ထက်နောက်ဆုံးငါးပွဲရ လဒ်မှာ ပိုကောင်းတဲ့အသင်းဆိုလို့ ဗလာဒိုးလစ်တစ်သင်းသာရှိတယ်။ ပ-အကျော့တုန်းက ဂီတာဖေးက ၁-၀နဲ့ရှုံး ထားတယ်။ အခုရှုံးကြွေးပြန်ဆပ်နိုင်ပြီးကြေးအောင်နိုင်ခြေပိုများနေတဲ့ ဂီတာဖေးကို ကြိုက်ပါတယ်။ ဘိုလော့ဂ်နာ vs တိုရီနို (အိမ် ၁+၇၀/၂-၂၀) ဒီပွဲက ဘိုလော့ဂ်နာအနိုင်ဆိုတဲ့ယတိပြတ်ထိုးက အလေးအဆနဲ့တင် နေချင်စရာဖြစ်နေပြီး နိုင်ခြေ ၅၆.၂ရာနှုန်းရှိ နေတာပါ။ ကြေးအရလည်း ၁လုံးသွင်းရင်အမြတ်ရမှာ။ လက်ချီနဲ့ဂိုးမရှိသရေပွဲဖြစ်ခဲ့ပြီး လက်ရှိဘိုလော့ဂ်နာက အဆင့် ၈ မှာမီလန်နဲ့အတူတူ။ ဒီလနှောင်းပိုင်းမှာဒီနှစ်သင်းကစားမှာ။ ဘိုလော့ဂ်နာက နောက်ဆုံးကိုးပွဲရှုံးပွဲမရှိ၊ နိုင်တာတော့နှစ်ပွဲပဲဆိုပေမယ့် အိမ်ကွင်းမှာချည်းပဲ။ တိုရီနိုက အဝေးကွင်းနောက်ဆုံးကိုးပွဲမှာ တစ်ပွဲပဲနိုင်တယ်။ ဘာပဲဖြစ်ဖြစ် မီလန်နဲ့မတွေ့ခင်အခုလိုပွဲမျိုး အနိုင်ယူထားဖို့ လိုအပ်တဲ့ ဘိုလော့ဂ်နာကိုပဲ ရွေးသင့်တယ်။
© COPYRIGHTS 2024 by illuminati